ခရီးစဉ်အသေးစိတ်
ပထမနေ့ ရန်ကုန်မှ စထွက်သည့်နေ့ (X၊ X၊ X)
ရန်ကုန်မှ ည ၆ နာရီတွင် စုရပ်နေရာမှ စုဝေး၍ မြိတ်မြို့သို့ စတင်ထွက်ခွါပါမည်။
ဒုတိယနေ့ မြိတ်မြို့တွင်း လည်ပတ်ခြင်း (X၊နေ့လည်စာ၊ ညနေစာ)
နေ့လည်စာ စားသုံးပြီးနောက် မြိတ်မြို့၏ အထင်ကရဖြစ်သော လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ၊ ပထော်ပထစ်လျောင်းတော်မူဘုရားကြီး၊ ရွှေတိဂုံပုံတူ မဟာသိဒ္ဒိဇယ စေတီတော်မြတ်၊ တနသာရီတိုင်းရဲ့ နာမည်ကြီးသဘာ၀ဆေးဖက်ဝင်ငှက်သိုက်အိမ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်ကိုလိုနီခေတ်၏ အငွေ့အသက် ဖြစ်တဲ့အဆောက်အဦးနှင့် ဗိသုကာလက်ယာများကို လေ့လာကြည့်ရှုနိုင်ပါသည်။ မြိတ်မြို့ရဲ့အထင်ကရ ကမ်းနားလမ်း၊ အဖိုးတန်ပုလဲ ထုတ်လုပ်ပုံ၊ တော်ဝင်ပုလဲလုပ်ငန်း ထိန်းသိမ်းခဲ့ပုံများ၊ ညနေ နေဝင် ဆည်းဆာကို သိမ်တော်ကြီးဘုရားပေါ်မှ ကြည့်ရှုခံစားရင်းဟိုတယ်တွင် အနားယူပါမည်။
တတိယနေ့ ဒုံးရေတံခွန်၊ ဆလုံရွာ၊ စမတ်ကျွန်း (မနက်စာ၊ နေ့လည်စာ၊ ညနေစာ)
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီး ဆိပ်ငယ်တံတားသို့သွားရောက်ကာ Speed Boat ဖြင့် စမတ်ကျွန်းတွင် ရေအောက်သန္တာကျောက်တန်းအလှနှင့် အရောင်အသွေးစုံလင်တဲ့ငါးမျိုးစိတ်တွေကို Snorkeling လုပ်ရင်း ရေအောက်ကမ္ဘာအလှတရားတွေကို ကြည့်ရှုလေ့လာခံစားမည်။ ဒုံညောင်မိုင်း (သို့) ဆလုံရွာမှ ပင်လယ်ပျော်ဆလုံလူမျိုးတို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ဓလေ့ရိုးရာ, တစ်နေ့တာလုပ်ငန်းနှင့် နေထိုင်ပုံတွေကို စိတ်ဝင်စားဖွယ် လေ့လာပြီး ဆလုံလူမျိုးများနှင့် ဓါတ်ပုံတွဲရိုက်မည်။ တောပန်းရနံ့သင်းပျံ့သော ဒုံးကျွန်းပေါ်ရှိ ဒုံးရေတံခွန်မှာ အနားယူအပန်းဖြေပြီး ဘဝအမောပြေ ဖြေဖျောက်ကြမည်။ ညနေပိုင်းတွင် ဒုံးကျွန်းမှ မြိတ်မြို့သို့ပြန်ကာ ဟိုတယ်တွင် ညနေစာစား၍ အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့ ပါရာကျွတ်ခရီးစဉ် (မနက်စာ၊ နေ့လည်စာ၊ ညနေစာ)
ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သော ပါရာကျွတ်မြို့သို့ ရောက်လျှင် ပရာကျွတ်မြို့ရှိ ပရာကျွတ်ကမ်းခြေ၊ သံပုရာကမ်းခြေ၊ ငါးပြတိုက်၊ သိပ္ပံခန်းမ၊ ပါရာကျွတ်တစ်မြို့ လုံးကိုမြင်ရပြီးနောက် ဘေးမဲ့မျောက်တောင်၊ ခေါင်းကိုးလုံး နဂါးနှစ်ကောင်ဘုန်းတော်ကြီးကျောင်း၊ ဉီးအောင်ဇေယျလိုဏ်ဂူဘုရား၊ ထိုင်းပစ္စည်းဝယ်ယူနိုင်ရန် Tasco Lotus Shopping Center တို့ကိုလည်ပတ်ပြီး ယဉ်ကျေးမှုတံတားတွင် နေဝင်ဆည်းဆာအလှဖြင့် ဓါတ်ပုံများရိုက်ကြမည်။ ထို့နောက် မြိတ်သို့ပြန်လည်ထွက်ခွါပြီး ဟိုတယ်တွင် ညနေစာစားကာ အိပ်စက်အနားယူမည်။
ပဉ္စမနေ့ မြိတ် မှ ရန်ကုန် (မနက်စာ၊ နေ့လည်စာ, X)
ဟိုတယ်တွင် မနက်စာ စာသုံးပြီးနောက် မြိတ်မြို့ ဈေးထဲတွင် ကျေးလက်ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသထွက်ကုန်ပစ္စည်းများ လေ့လာဝယ်ယူပါမည်။ ထို့နောက် မြိတ်မှ ရန်ကုန်သို့ ပြန်ကာ ပျော်ရွှင်စွာခရီးစဥ် ပြီးဆုံးပါသည်။
Reviews
There are no reviews yet.