ရန်ကုန်မြို့ စုရပ်မှ ည (၁၀:၀၀) နာရီခန့်တွင် စတင်ထွက်ခွာပါမည်။ လမ်းခရီးတစ်လျောက်လိုအပ်သော နေရာများတွင် ရပ်နားပေးသွား မည်ဖြစ်ပြီး မော်လမြိုင်သို့ ဆက်လက်ထွက်ခွာပါမည်။ မနက်စောစောတွင် မော်လမြိုင်မြို့သို့ရောက်ရှိပြီး မနက်စာသုံးဆောင်ပါမည်။ ထို့နောက် ကျိုက္ခမီမြို့သို့ဆက်လက်ထွက်ခွာပါမည်။
• မျောလေးမျောသမိုင်းဝင် ကျိုက္ခမီရေလည်ဘုရား
• စက်စဲကမ်းခြေ
• သံဖြူဇရပ်မြို့တွင်တည်ရှိ၍ ဒုတိယကမ္ဘာစစ်ကာလအတွင်းဖောက်လုပ်ထားပြီး ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံကိုဆက်သွယ်ထားကာ မိုင် (၅၀၀) ကျော်ရှည်လျားပြီး စစ်သုံ့ပန်းများစွာ၏အသက်များ စတေးခဲ့ရသည့် သေမင်းတမန်ရထားလမ်း
တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာကို သံဖြူဇရပ်မြို့တွင် သုံးဆောင်ပြီးနောက်
• မုဒုံမြို့ ဝင်းစိန်တောရရှိ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူရုပ်ပွားတော်
• မော်လမြိုင်မြို့တောင်ပေါ်တန်းရှိ သမိုင်းဝင်ရှေးဟောင်း ကျိုက်သလ္လံစေတီတော်
• ရသေ့ကြီး ဦးခန္တီတည်ထားခဲ့သည့် ဦးခန္တီစေတီ
• မင်းတုန်းမင်း၏ မိဖုရားတစ်ပါးဖြစ်သည့် စိန်သုံမိဖုရားလှူဒါန်းခဲ့သည့် သလွန်တည်ရှိရာ ရတနာဘုံမြင့် ရှေးဟောင်းကျောင်းတော်
• မြန်မာနိုင်ငံ၏တတိယအကြီးဆုံးနှီးဘုရား
• မော်လမြိုင်မြို့ကို အထက်စီးမှမြင်နိုင်သည့် တောင်ပေါ်တန်း View Point
• သထုံမြို့သမိုင်းဝင် ရှေးဟောင်းရွှေစာရံစေတီတော်
• မြသပိတ်တောင်ခြေတွင်တည်ရှိသော မြန်မာနိုင်ငံ၏အကြီးဆုံး နှီးဘုရား
တို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကျိုက်ထိုမြို့တွင်ညစာသုံးဆောင်မည်ဖြစ်ပြီး ရန်ကုန်အပြန်ခရီးကို စတင်ပါမည်။ ရန်ကုန်သို့ ည (၁၁:၀၀) နာရီခန့်တွင်ပြန်လည်ရောက်ရှိပြီး ခရီးစဉ်အဆင်ပြေချောမွေ့စွာပြီးဆုံးပါမည်။
Reviews
There are no reviews yet.