ဘားအံ – ဂူ (၅) ဂူ နေ့ချင်းပြန် ခရီးစဉ် (BF/L/D)
ရန်ကုန်မြို့ စုရပ်မှ ည (၁၀:၀၀) နာရီခန့်တွင် စတင်ထွက်ခွာပါမည်။ လမ်းခရီးတစ်လျောက်လိုအပ်သော နေရာများတွင် ရပ်နားပေးသွား မည်ဖြစ်ပြီး ဘားအံမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ မနက်စောစောတွင် ဘားအံမြို့သို့ ရောက်ရှိပြီး ဒေသစားသောက်ဆိုင်တွင် မနက်စာ သုံးဆောင်ပါမည်။ ထို့နောက်
• ဘားအံမြို့ ကျက်သရေဆောင်၊ သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသည့် ရွှေရင်မျှော်စေတီ
• သဘာဝထုံးကျောက်လိုဏ်ဂူဖြစ်သည့် ကော့ကသောင်ဂူ
• ရေပြင်ကျယ်ကို ရိုးရာလောင်းလှေလေးစီးနင်းကာ ဖြတ်သန်းနိုင်မည့် ဆဒ္ဒန်ဂူ
• စက်ဝိုင်းပုံရေကန်အတွင်းတည်ရှိသော ကျောက်ကလပ်စေတီ
• ချစ်သူမြိုင်အပန်းဖြေဥယျာဉ်
တို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဘားအံမြို့တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက်
• အေဒီ (၇) ရာစုခန့်က ရှေးဟောင်းအုတ်ခွပ်ဘုရားများ တည်ရှိရာ ကော့ကွန်းဂူ
• ရှေးဟောင်းဘုရားများတည်ရှိသော ရသေ့ပျံဂူ
• ရေပူစမ်းတည်ရှိရာ ဘုရင့်ညီနောင်ဂူ
တို့ကိုသွားရောက်လည်ပတ်ပြီး အိမ်ပြန်လက်ဆောင်များဝယ်နိုင်ရန် ကျိုက္ကော်သစ်သီးတန်းသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ကျိုက်ထို မြို့တွင် ညစာသုံးဆောင်ကာ ရန်ကုန်အပြန်ခရီးကို စတင်ပါမည်။ ရန်ကုန်မြို့သို့ ည (၁၀:၃၀) ခန့်တွင် ပြန်လည်ရောက်ရှိပြီး ခရီးစဉ် အဆင်ပြေချောမွေ့စွာ ပြီးဆုံးပါမည်။
Special offer
Tour Itinerary
Include/Exclude
ပါဝင်သော ဝန်ဆောင်မှုများ
• မနက်စာ/နေ့လည်စာ/ညစာ
• ခရီးစဉ်တစ်လျောက် အသုံးပြုမည့် Tour Grade အဆင့်မြင့်ကား
• သတ်မှတ်ထားသော ဝင်ကြေးနှင့် တဆင့်သွား ကားခ၊ စက်လှေခ များ
• ခရီးစဉ်တစ်လျောက် ဝန်ဆောင်မှုပေးမည့် တိုးလီဒါနှင့် တိုးဂိုက်
• ရေသန့်၊ စနိုးတာဝါ၊ အိမ်သုံးဆေးဝါးများ
မပါဝင်သော ဝန်ဆောင်မှုများ
• တစ်ကိုယ်ရည်အသုံးစရိတ်များ
• စားသောက်ဆိုင်တွင် အပိုမှာယူသုံးဆောင်ခြင်းများ
• ခရီးစဉ်တွင် မသတ်မှတ်ထားသော ဝင်ကြေးများနှင့် အခြား အထွေထွေကုန်ကျစရိတ်များ
• Tips Money များ
Special offer
Special offer
Reviews (0)
Customer reviews
5 stars
0
0 %
4 stars
0
0 %
3 stars
0
0 %
2 stars
0
0 %
1 star
0
0 %
Reviews
There are no reviews yet.