ရန်ကုန်မြို့ စုရပ်မှ ည (၁၁:၀၀) နာရီခန့်တွင် စတင်ထွက်ခွာပါမည်။ လမ်းခရီးတစ်လျောက်လိုအပ်သော နေရာများတွင် ရပ်နားပေးသွား မည်ဖြစ်ပြီး တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ မနက်စောစောတွင် တောင်ငူမြို့သို့ရောက်ရှိပြီး မနက်စာသုံးဆောင်ပါမည်။ ထို့နောက် သံတောင်မြို့သို့ စတင်ထွက်ခွာပါမည်။ နော်ဘူဘောဆုတောင်းတောင်ရှိရာ သံတောင်ကြီးမြို့သို့ သွားရန်အတွက် သံတောင် မြို့တွင် တောင်တက်ကားပြောင်းစီးပါမည်။
• ပင်လယ်ရေမျက်နှာပြင်အမြင့် ပေလေးထောင်ကျော်တွင်တည်ရှိပြီး နံနက်စောစောပိုင်းနေထွက်ချိန်တွင် လှပသည့် တိမ်ပင်လယ် ကိုမြင်တွေ့နိုင်မည့် နော်ဘူဘောဆုတောင်းတောင်
• အေးစက်နေသော တောင်ကျချောင်းရေများစီးဆင်းနေသည့် ပသိချောင်း အပန်းဖြေစခန်း
• သမိုင်းဝင်ရှေးဟောင်း မြတ်စောညီနောင်စေတီ
တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် တောင်ငူမြို့တွင်နေ့လည်စာသုံးဆောင်ကြပါမည်။ ထို့နောက်
• တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်
• တောတွင်းဆင်စီးခြင်း၊ ဆင်လေးများအား အစာကျွေးခြင်း၊နို့တိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည့် ဝင်္ဂဘောဆင်စခန်း တို့ကိုသွားရောက်လည်ပတ်ပါမည်။ ထို့နောက် အမြန်လမ်း (၃၉) မိုင် ယာဉ်ရပ်နားစခန်းတွင်ညစာသုံးဆောင်မည်ဖြစ်ပြီး ရန်ကုန်အပြန်ခရီး ကို စတင်ပါမည်။ ရန်ကုန်သို့ ည (၁၀:၀၀) နာရီခန့်တွင်ပြန်လည်ရောက်ရှိပြီး ခရီးစဉ်အဆင်ပြေချောမွေ့စွာပြီးဆုံးပါမည်။
Special offer
Tour Itinerary
Special offer
Special offer
Reviews (0)
Customer reviews
5 stars
0
0 %
4 stars
0
0 %
3 stars
0
0 %
2 stars
0
0 %
1 star
0
0 %
Reviews
There are no reviews yet.