ခရီးစဉ်အသေးစိတ်
ကျိုက်ထီးရိုး-ဆောင်နိုင်ကြီးရေတံခွန် နေ့ချင်းပြန်ခရီးစဉ် (မနက်စာ၊နေ့လည်စာ၊ ညစာ)
ရန်ကုန်မြို့ စုရပ်မှ ည (၁၁:၀၀) နာရီခန့်တွင် စတင်ထွက်ခွာပါမည်။ လမ်းခရီးတစ်လျောက်လိုအပ်သော နေရာများတွင် ရပ်နားပေးသွား မည်ဖြစ်ပြီး ကျိုက်ထိုမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ မနက်စောစောတွင် ကျိုက်ထီးရိုးတောင်ခြေ၊ ကင်ပွန်းစခန်းသို့ ရောက်ရှိပြီး မနက်စာ သုံးဆောင်ပါမည်။
• မွန်ပြည်နယ်၏ ဆံတော်ရှင်ဘုရားခြောက်ဆူတွင် အပါအဝင်ဖြစ်ပြီး Golden Rock ကမ္ဘာကျော်လူသိ
များသော ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်
• တောင်ခြေရှိ ကင်ပွန်းစခန်းအနီးတွင်တည်ရှိသော လှပသည့် ဆောင်နိုင်ကြီးရေတံခွန်
• မျောလေးမျောသမိုင်းဝင် ကျိုက်ပေါလော မှဲ့ရှင်ဘုရား
တို့ကိုသွားရောက်ကြပါမည်။ ထို့နောက် နေ့လည်စာကို ကျိုက်ထိုမြို့တွင်သုံးဆောင်ပါမည်။ နေ့လည်စာ
သုံးဆောင်ပြီးနောက်
• စိမ်းလဲ့တင် အပန်းဖြေဥယျာဉ်တွင် အပန်းဖြေကစားနည်းများကို စိတ်တိုင်းကျ ဆော့ကစားကြပါမည်။
• တောတွင်းဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်ကလေးများအား နို့တိုက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ထို့နောက် အမြန်လမ်း (၃၉) မိုင် ယာဉ်ရပ်နားစခန်တွင်ညစာသုံးဆောင်မည်ဖြစ်ပြီး ရန်ကုန်အပြန်ခရီးကို စတင်ပါမည်။ ရန်ကုန်သို့ ည(၁၀:၀၀) နာရီခန့်တွင်ပြန်လည်ရောက်ရှိပြီး ခရီးစဉ်အဆင်ပြေချောမွေ့စွာ ပြီးဆုံးပါမည်။
Reviews
There are no reviews yet.